ရေဦးတိုက်ပွဲမှာ PDF ၁ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိ

ရေဦးတိုက်ပွဲမှာ PDF ၁ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

အောက်တိုဘာ ၁၈ ရက်မှာ ရေဦးမြို့နယ်၊ သဲတောမူးကျေးရွာအနီးမှာ ကာကွယ်ရေးတပ်တွေဘက်က မိုင်း ၃ လုံးဆွဲတိုက်ခိုက်မှုအပြီး တိုက်ပွဲဖြစ်ခဲ့ကာ အောက်တိုဘာ ၁၉ ရက်မှာတော့ မူးဆုံရွာနဲ့ မစိုးရိမ်ရွာအကြား တိုက်ခိုက်ခဲ့ကြတာပါ။ 

"ဒုတိယနေ့တိုက်ပွဲမှာ သေသွားတဲ့စကစကို မစိုးရိမ်ရွာထဲမှာ အိမ်နဲ့အတူမီးရှို့ထားခဲ့တယ်။ ပထမနေ့ မိုင်းဆွဲမှုမှာတော့ သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်ကို မသိရသေးဘူး” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေဘက်က အသက် ၃၀ ကျော်အရွယ် ရဲဘော်သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

"မိုင်းဆွဲတဲ့အချိန်မှာ ၆ ယောက်သေပြီး ၆ ယောက်ဒဏ်ရာရတာကို မျက်မြင်ပါပဲ။ ပြီးတော့ သေတဲ့ကောင်တွေကို ပျော်ဘွေရွာက နေအိမ်တွေနဲ့အတူ မီးရှို့ထားခဲ့တယ်။ ပုံပျက်နေတဲ့ အရိုးစုတွေကို တွေ့ခဲ့ရတယ်"လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးရဲဘော်နဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိဘဲ တိုက်ပွဲအတွင်း ဒဏ်ရာရပြီးနောက် ဆေးကုသမှုခံနေရင်း အောက်တိုဘာ ၂၀ ရက် ဒီနေ့မနက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

ကာကွယ်ရေးတပ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ မစိုးရိမ်ကျေးရွာကို ဝင်ရောက်ကာ အဲ့ဒီကနေတဆင့် ဒီပဲယင်းမြို့ပေါ်ကို ပြန်သွားကြတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ခဲ့သည့် နေရာ။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရေဦး #စစ်ကောင်စီ #ကာကွယ်ရေးတပ် #သတင်း #သေဆုံး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10