ရေဦးမှာ ချောင်းရေမြင့်တက်လို့ ကျေးရွာတွေထဲ ရေဝင်

ရေဦးမှာ ချောင်းရေမြင့်တက်လို့ ကျေးရွာတွေထဲ ရေဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ အောက်တိုဘာ ၁၂ ရက်ကစတင်ကာ မိုးသည်းထန်ရွာသွန်းပြီး မူးချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာတွေထဲမှာ ရေဝင်ပြီး ရေကြီးမှုဖြစ်နေတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

ရေဦးအနောက်ခြမ်းမှာရှိတဲ့ အောင်ကဲ့ဇင်၊ မြင်းမြေ၊ ထောက်ကြံ့၊ လက်မထောင်း၊ ချမ်းသာ စတဲ့ကျေးရွာတွေမှာ ရေကြီးမှုဖြစ်နေပြီး ဒီနေ့အောက်တိုဘာ ၁၄ ရက်မနက်အထိ ရေပြန်မကျသေးဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာ ဒေသခံတွေစားနပ်ရိက္ခာ အခက်အခဲကြုံနေရပြီး ထောက်ပံ့ကူညီရေးအဖွဲ့တွေ မလာနိုင်သေးတာကြောင့် ရွာသားအချင်းချင်းကပဲ ကူညီပေးနေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၀င်တဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေဟာ စစ်ကောင်စီတပ်တွေရဲ့ မကြာခဏစစ်ကြောင်းထိုး မီးရှို့တာကိုခံရတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ရှောင်များစုရှိတဲ့ ရွာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ ကနီမြို့နယ်မှာလည်း အောက်တိုဘာ ၁၂ ရက်ကတည်းက မိုးသည်းထန်စွာရွာလို့ မြို့ပေါ်ရပ်ကွက်အချို့မှာ နေအိမ်တွေ ရေထဲမြောပါပြီး လမ်းပိုင်းတွေလည်း ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #ရေဝင် #ချောင်းရေမြင့်တက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10