ရေဦးမှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးနေရ

ရေဦးမှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေထဲကို အောက်တိုဘာ ၃၀ ရက် ဒီမနက် ၆ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ ၇၁ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရေဦးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်ထဲက ထွက်လာတာဖြစ်ပြီး ရေဦးမြို့နယ်ထဲကို အဝင်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲခဲ့တိုက်ခိုက်တာကို ခံလိုက်ရပေမယ့် ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုမသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ စစ်ကြောင်းဟာ ရွာမိဿာကျေးရွာအနီးမှာရှိတဲ့ လယ်ပြင်ကို ရောက်ရှိနေပြီး ရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ကိုထူးခန့်ဇော်က ဆက်ပြောပါတယ်။

မစိုးရိမ်၊ ပျော်ဘွယ်၊ အောင်သာ၊ မူးဆုံ၊ မုတ်စီ၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ ရွာမိဿာ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ငြုတ္တုံ စတဲ့ကျေးရွာတွေက ဒေသခံတွေတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

ဒီစစ်ကြောင်းဟာ အောက်တိုဘာလအတွင်းမှာပဲ ဒီပဲယင်းနယ်အနောက်ခြမ်းက ကျေးရွာတွေဘက်ကိုပါ ၈ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တွေကိုမီးရှို့ကာ စစ်ရှောင်ပြည်သူ ၈ ဦးကိုလည်း သတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10