ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရ

ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာမှာ ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် မနက် ၈ နာရီခန့်မှာ ညီဖြစ်သူရဲ့နေအိမ်ကို မီးရှို့မှုနဲ့ ရဲဝင်းအောင် ၃၃ နှစ်ကို ရဲကလာဖမ်းစဥ် လာဖမ်းတဲ့ရဲအဖွဲ့ကို ရဲဝင်းအောင်မှ ဓားနဲ့လိုက်ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။

" မူးပြီး နေအိမ်မီးရှို့လိုက်တာ။ အဲဒါကို ရဲကလာဖမ်းတော့ သူ့လာဖမ်းရမလားဆိုပြီး ဓားနဲ့ထခုတ်တာ။ ရဲတယောက်တော့ ထိသွားတယ်။ သူလည်း ပစ်ခံလိုက်ရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရဲဝင်းအောင်က ဓားနဲ့ခုတ်လို့ ရဲတပ်ကြပ်ကြီးတဦးမှာ ယာလက် ဓားခုတ်ဒဏ်ရာရပြီး ရဲကပစ်ခတ်တာကြောင့် ရဲဝင်းအောင်မှာ ပေါင်နဲ့ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ရဲဝင်းအောင် မီးရှို့လို့ မြေစိုက်ထရံကာ ဖက်မိုးနေအိမ်တလုံး မီးလောင်ပျက်စီးသွားပြီး မီးလောင်မှုကြောင့် လူထိခိုက်တာတော့မရှိပါဘူး။

နေအိမ်မီးရှို့ပြီး ရဲကိုဓားနဲ့ ခုတ်သူကိုတော့ ရဲအဖွဲ့က ပေါက်ခေါင်းရဲစခန်းကိုဖမ်းဆီးသွားပြီး ဒဏ်ရာ ရထားလို့ ဆေးရုံတင်ကုသထားရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါက်ခေါင်း #ဗောဓိကုန်း #ရဲ #ဓားနဲ့ခုတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10