ရဲစခန်းက လူနာပို့ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး လက်နက်ခဲယမ်းတွေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကနေ ပရဟိတကားကိုချောဆွဲပြီး လူနာပို့တဲ့ စစ်သားနဲ့ရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့တယ်လို့ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ သာစည်ရဲစခန်းကနေ ပရဟိတကားနဲ့ လူနာပို့လာတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၅ ဦးကို မုံရွာလမ်းပိုင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုအပြီးမှာ G 3 ၂ လက်၊ BA 94 ၂ လက်၊ BA 94 ကျည် ၁၅ တောင့်၊ G3 ကျည် ၆၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ပရဟိတသမားတို့ကို ကယ်ထုတ်ပြီး မြို့နယ် ပကဖနဲ့ ချိတ်ဆက်၍ ပြန်အပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #စစ်ကောင်စီ #ရဲစခန်း #လူနာ #ပရဟိတအဖွဲ့ #လက်နက်ခဲယမ်း #တော်လှန်ရေးအင်အားစု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10