ရဲစခန်း စီးနင်းခံရလို့ စခန်းမှူးအပါ ၉ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ တောချောင်းဦးရွာက ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၉ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ T.G.R Wormen Drone Force အဖွဲ့ဆီက သိရပါတယ်။

၂၅ဦး ဝန်းကျင်ရှိတဲ့  စစ်သားနဲ့ရဲတွေ တပ်စွဲထားတဲ့ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာက ရဲစခန်းကို ဇွန်လ ၆ ရက် နေ့ခင်း ၂ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့က အင်အား ၈၀ ကျော်နဲ့ တိုက်ပွဲစခေါ်တာဖြစ်ပြီး တိုက်ပွဲချိန် ၂ နာရီလောက်ကြာခဲ့တယ်လို့ T.G.R Wormen Drone Force ကျားခင်စိန်က ပြောပါတယ်။

"ကျနော်တို့ ဆက်သွယ်ရေးရုံးကို အရင်ဆုံးပစ်တယ်။ တိုက်ပွဲကြာချိန်က ၂ နာရီလောက်ကြာခဲ့ပါတယ်။ ၄ နာရီထိုးတော့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၁ စီး ၄ ကြိမ်ဝဲပြီး ပစ်သွားတယ်။ ဂျက်ဖိုက်တာ ပြန်သွားတော့ ကျနော်တို့ အီနာဂါ ၁ လုံးထပ်ချပြီး တပ်ပြန်ဆုတ်ခွာခဲ့ရတယ်။ စခန်းသိမ်းဖို့ဆိုပြီး သွားတာ။ ဂျက်ဖိုင်တာလာဝဲလိုက်တော့ စခန်းမသိမ်းနိုင်ခဲ့ပေမဲ့ စခန်းဝင်စီးနိုင်တဲ့ အနေအထားတော့ ရှိခဲ့တယ်။" လို့ ပြောပါတယ်။ 

T.G.R တပ်ခွဲ ၁၊ ၂၊  ၃ က ဂန်းနဲ့ပစ်ကြပြီး ဒရုန်းအဖွဲ့က ခွဲ ၄ အနေနဲ့ တာဝန်ယူကာ အရှေ့ကပစ်တဲ့ ရဲဘော်တွေက Jummer ပစ်တဲ့နေရာကို တာဝန်ယူပစ်ခတ်ပြီး စခန်းထဲက ဘန်ကာတွေကို ဒရုန်းနဲ့အီနာဂါ ၃ လုံးချ‌ကြဲတာပါလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး နောက်နေ့မနက် စခန်းမှူးအပါအဝင် စစ်သားနဲ့ ရဲ ၉ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ သတင်းပေးသူ ပြောပြချက်အရသိရပြီး ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို T.G.R Wormen Drone Force၊ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊ Black Eagle Drone Force-MMU (Black Eagle Drone တပ်ခွဲ)၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၂)၊ Youth Revolution Attack Force (YRAF)၊ မြင်းမူလျှပ်စီး ပျောက်ကြားတပ်ဖွဲ့၊ Delta Force တောင်သာ၊ မန္တလေးခရိုင်တပ်ရင်း (၅) တပ်ခွဲ(၂) MN PDF (မြစ်ငယ်)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ Ah Nyar Myay Special Commando Defense Force၊ Brave Heart Army (Monywa)၊ Myinmu Local Defence Force စတဲ့ ညီနောင်မဟာမိတ် (၁၃) ဖွဲ့တို့က ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#မြင်းမူ #ရဲစခန်းစီးနင်းခံရ #စစ်သား #ရဲ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10