ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်ရဲစခန်းမှာ ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၅ ဦးကို ဇန်နဝါရီ ၁၁ ရက် မနေ့က ညပိုင်းမှာ ကယ်ထုတ်လာခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

အဲ့ဒီရဲစခန်းကို မနေ့က ည ၇ နာရီခွဲလောက်ကတည်းက လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၈ နာရီလောက်မှာ ကယ်ထုတ်လာနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။

"၁၁ ရက်နေ့ညမှာ ၇ နာရီခွဲ လောက်မှာပဲပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ဗိုလ်သူရိန်အဖွဲ့ရယ်၊ ဟီးရိုးတိုက်ဂါးရယ် ကနီခေါင်းဆောင်၊ ဗိုလ်နဂါးတို့လည်းပါတယ်။ ၈ နာရီလောက်မှာ ဖမ်းချုပ်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်" လို့ သူက ပြောပါတယ်။

ဒီလုပ်ဆောင်ချက်ကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ Pale People's Defence Force PPDF၊ Hero Tiger Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်ညကလည်း အဲ့ဒီရဲစခန်းကိုပဲ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10