ရဲစခန်းရှေ့မှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက နေအိမ် ၂ လုံးကိုမီးရှို့ခဲ့

ရဲစခန်းရှေ့မှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက နေအိမ် ၂ လုံးကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီစစ်သားတွေဟာ အနီးတဝိုက်ရှိ ကျေးရွာကနေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်သားတွေကို ဒီဇင်ဘာလ ၂၀ ရက်မနေ့ကမနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲဒီနေ့ ည ၁၀နာရီကျော်လောက်မှာတော့ ရဲစခန်းနဲ့သံလမ်းတခုသာခြားတဲ့ တံတားဦးကျေးရွာက နေအိမ် ၂ လုံးကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ People Revolution Force Kyaukseမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ညောင်ပင်ဝန်းစခန်းထဲကစစ်ကောင်စီတွေက စခန်းအနားကအိမ်နှစ်လုံးကိုမီးရှို့သွားတယ်။ အကြောင်းမဲ့ရှို့တာပါ။ သူတို့ကိုလာပစ်ရင်ထပ်ရှို့မယ်လို့ ကြားထားပါတယ်။ မီးရှို့ခံရတဲ့နေအိမ်တွေနဲ့ရဲစခန်းက သံလမ်းပဲခြားတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင်မနေ့ကတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ဦးကျည်ထိမှန်ခဲ့ပြီး ၁ ဦးကတော့အဲဒီနေရာမှာတင် သေဆုံးနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက်ခဏအကြာမှာရဲစခန်းထဲကို လူနာတင်ယာဥ်တစီး ဝင်သွားခဲ့တာကိုတွေ့မြင်ခဲ့ရတယ်လို့ PDF တောင်သာမှ တာဝန်ခံကိုဇင်ယော်ကလည်း ဒီဇင်ဘာလ ၂၀ ရက်မနေ့ကနေ့လည်ပိုင်းမှာ မြေလတ်အသံကို ပြောဆိုခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း (၈)၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ PDF တောင်သာ၊ တိုက်နယ်(စွန်)ပကဖအဖွဲ့ ၊ ငါန်းဇွန်ပကဖအဖွဲ့ ၊ People. Revolation force Kyaukse (PRFK) တို့ပူပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10