သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနောက်ဘက် ရဲစခန်းမှာ မတ်လ ၂၇ ရက် မနေ့က တပ်မတော်နေ့ကျင်းပပို့ တန်းစီနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး၊ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
နေ့လည် ၁၂ နာရီခွဲလောက်ကစပြီး CDF - Kanpetlet က ပြောက်ကျားစနစ်နဲ့ ဝင်ရောက် တိုက်ခိုက်တာဖြစ်သလို စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပြီးဖြစ်ခတ်တာတွေရှိတာကြောင့် ရဲစခန်းအတွင်းမှာပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF – Kanpetlet တာဝန်ခံက ပြောပါတယ်။
“ ကျနော်တို့မြို့ထဲမှာတိုက်ပွဲ ၂ နာရီ နီးပါးဖြစ်တယ်၊ နေ့ခင်း ၁၂ နာရီလောက်ကစဖြစ်တာ၊ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်တယ်၊ မြို့ရဲ့အနောက်ဘက် ရဲစခန်းမှာပဲတိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က ၂ ယောက်ကတော့သေတာအတိအကျဖြစ်မယ်၊ “ လို့ သူကပြောပါတယ်။
မြို့တွင်းကို ဝင်တိုက်တာဖြစ်တဲ့အတွက် အခက်အခဲတွေရှိခဲ့တယ်လို့ သိရပြီး၊ ကန်ပက်လက်မြိုနယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက်ကူညီပေးကြဖို့ CDF – Kanpetlet ကဆက်ပြောပါတယ်။
မတ်လ ၂၆ ရက် မနက် ၁၀ နာရီကလည်း CDF – Kanpetlet တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတို့ ကန်ပက်လက်မြို့နယ်မှာပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး၊ ရဲတပ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲအတွင်း မြို့မရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီး၊ ငယ်တွေနဲ့ ကူပစ်ခဲ့တာကြောင့် မြို့တွင်းနေအိမ်အချို့နဲ့ မြို့ပြင်က နေအိမ်အချို့ကို လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်ဆီးခဲ့တယ်လို့ CDF – Kanpetlet ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
#မြေလတ်အသံ
Share Share Share