ရဲစခန်းအရှေ့အထိ သေနတ်နဲ့လာပစ်ခံရလို့ ရဲတဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ညောင်တုန်းတိုက်နယ်ရဲစခန်းထဲမှာ မတ်လ ၂၇ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ရဲတွေ စခန်းအတွင်းဘန်ကာထဲရှိ‌နေချိန် PDF ၂ ဖွဲ့က ဆိုင်ကယ်တွေနဲ့သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၀ ယောက်လောက်ရှိတဲ့ ဘန်ကာထဲရှိနေချိန် နေ့လယ် ၁ နာရီလောက်မှာတိုက်ခိုက်ခဲ့တာလို့ တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ခံ ဘကျော်ကြီးက ပြောပါတယ်။


"အဲ့ဒီစခန်းရှေ့ကို ဆိုင်ကယ်တွေနဲ့သွားပစ်ခတ်ခဲ့တာ။ ဘန်ကာတွေပေါ်ကနေခုန်ချပြီး အကုန်လုံးထွက်ပြေးကြတာ။ ၁ ကောင်ကတော့ထိပြီး သေသွားတယ်လို့ အခုမှသတင်းရတယ်။ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး။ ထွက်ပြေးတာ။ သေနက် ၁ ချက်ပဲပြန်ဖောက်နိုင်တယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစု CRC - PLA ရဲဘော်‌တွေ နဲ့ CRC- PLA ရဲ့ ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း နတ်မောက်မြို့ဘက်ကနေ စိုင်ကောင်းရွာဘက်ကိုမောင်းနှင်လာတဲ့ စစ်ကောင်စီအရာရှိ ၂ ဦးနဲ့ တပ်သား ၂ ဦးပါကားတစီးကို အဲ့ဒီလမ်းပိုင်းတနေရာမှာ တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10