ရဲတွေ စခန်းစွန့် ထွက်ပြေးလို့ ချပ်သင်းရဲစခန်းကို PDF တွေ အလွယ်တကူသိမ်းနိုင်ခဲ့

ရဲတွေ စခန်းစွန့် ထွက်ပြေးလို့ ချပ်သင်းရဲစခန်းကို PDF တွေ အလွယ်တကူသိမ်းနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်ရှိ ချပ်သင်းနယ်မြေရဲစခန်းကို တိုက်ခိုက်ချိန် ထွက်ပြေးကြတာကြောင့် စခန်းကို အလွယ်တကူသိမ်းနိုင်ခဲ့တယ်လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာလ ၂ ရက် မနေ့ကမနက် ၄ နာရီကျော်လောက်မှာ ရဲနဲ့ပျူအင်အား ၂၀ ကျော်ရှိတဲ့ ချပ်သင်းရဲစခန်းကို သွားရောက်တိုက်ခိုက်ချိန် ရဲနဲ့ပျူတွေ ထွက်ပြေးသွားတယ်လို့် ဆိုပါတယ်။

"သူတို့ဘက်က ခဏလောက်ပဲ ပစ်ပြီး စခန်းကုန်းဘက်ကို ဆုတ်သွားကြတာ။ သိပ်ပြီး ပစ်လိုက်ရတာတောင်မရှိဘူး။ အလွယ်တကူပဲ သိမ်းလိုက်နိုင်တယ်။" လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ချပ်သင်းရဲစခန်းကို သိမ်းပိုက်ချိန် ရဲနဲ့ပျူအလောင်းတွေ၊ လက်နက်တွေ သိမ်းဆည်းရမိတာမရှိဘူးလို့ ဆိုပါတယ်။

စခန်းအတွင်း ဝင်ရောက်ရှာဖွေချိန် စာရွက်စာတမ်းအချို့ကိုသာ တွေ့ရှိလို့ စခန်းနဲ့စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စခန်းကို မီးရှို့ပြီးချိန် ချပ်သင်းရွာအနီးရှိ စစ်ကောင်စီတပ်သားနဲ့ပျူ အင်အား ၆၀ ခန့်ရှိတဲ့ စခန်းကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် အင်အားမမျှလို့ ပြန်ဆုတ်လိုက်ရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးကို မသိရဘူးလို့ ဆိုပါတယ်။

အဲ့ဒီနေ့ မနက်ပိုင်းမှာပဲ ချပ်သင်းရွာတောင်ဘက် ငါးမိုင်ခန့်အကွာ ချပ်ကြီးကျေးရွာက ပျူစောထီး အထိုင်စခန်း၊ ကန့်ဘလူမြို့အရှေ့ဘက် ၁၄ မိုင်အကွာ စံပယ်နံ့သာရွာက ပျူစောထီး အထိုင်စခန်းတွေကိုလည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမသိရဘူးလို့ ဆိုပါတယ်။

အဲ့ဒီ ချပ်သင်းရဲစခန်းအပါအဝင် စစ်ကောင်စီတပ်နဲ့ပက်သက်တဲ့ နေရာ ၄ ခုကို ဒေါင်းရာဇာ ကန့်ဘလူခရိုင် PDF၊ ပကဖနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မတ်လ ၂ ရက် မနက် ၅ နာရီကျော်မှာ စစ်ကောင်စီတပ်နဲ့ပျူအင်အား ၆၀ ကျော်ရှိတဲ့  ချပ်ကြီးပျူရွာကို KB2 တပ်ရင်းနဲ့ဒေသ ပကဖ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနဲ့ပျူ ၄၀ ကျော် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်တွေဘက်က ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ချပ်သင်းရဲစခန်း #ရဲစခန်းသိမ်း #မီးရှို့ #ကန့်ဘလူ #သတင်း #စစ်ကိုင်းတိုင်း #စစ်ကိုင်းသတင်း #စခန်းသိမ်းသတင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10