ရဲဘော်တွေ မစုံလင်ပေမယ့် ရေစကြိုနဲ့ ကနီမှာ အာဇာနည်နေ့ကျင်းပခဲ့ (ရုပ်/သံ)

မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက PDF တပ်ရင်း ၂ ခုမှာ ရဲဘော်တွေမစုံလင်ပေမယ့် ၇၆ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် တနေရာမှာတော့ ရဲဘော်တချို့ မှာ တိုက်ပွဲသွားနေရတာကြောင့် စခန်းမှာကျန်ရှိတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေပူးပေါင်းပြီးတော့ ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်အပေါင်းတို့ကို အလေးပြုခဲ့ကြတယ်လို့ Urban Under ground Revolution Force-YSO အဖွဲ့ တာဝန်ခံ Kချစ်က ပြောပါတယ်။

အလားတူ ကနီမြို့နယ်မှာလည်း ရဲဘော်တွေ ခရီးထွက်တာတွေ၊ တိုက်ပွဲ သွားနေတာတွေရှိနေကြပေမယ့် အာဇာနည်နေ့ကို အကျည်းချုပ်ကျင်းပခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း ၁၇ (B-21Kani PDF) တာဝန်ရှိသူ ကိုထွေးက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကနီ #ရေစကြို #အာဇာနည်နေ့ #အခမ်းအနား #စစ်ရေးအန္တရာယ်ကြား #ဦးညွှတ်ဂုဏ်ပြု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10