ရဲဘော် ၅ ဦး ကျဆုံးခြင်း ၁ နှစ်ပြည့် ကုသိုလ်ကောင်းမှုလုပ်ပြီး အလေးပြု (ရုပ်/သံ)

ရဲဘော် ၅ ဦး ကျဆုံးတာ ၁ နှစ်ပြည့်အဖြစ် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces အဖွဲ့က ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၀ ရက် မနက် ၈ နာရီခွဲခန့်မှာ တပ်ဖွဲ့စခန်းကနေ ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူကိုသွားရောက်အလေးပြုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တရားနာပြုလုပ်တယ်လို့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces တပ်ခွဲမှူးက ပြောပါတယ်။

သံဃာ ၃ ပါးကို စခန်းမှာပင့်ပြီး ဆွမ်းနဲ့ဝတ္ထုငွေတွေကပ်လှူတာကို ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

ကျဆုံးရဲဘော်တွေဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် တော်လှန်ရေးထဲဝင်လာကြတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဇွန် ၂၀ ရက်က မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ဒရုန်း mission တခုလုပ်ရင်း စစ်ကောင်စီရဲ့ ကင်းပုန်းတွေ့ပြီး ရဲဘော် ၅ ဦးကျဆုံးခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းခြံ #ရဲဘော်၅ဦး #ကျဆုံးခြင်း #၁နှစ်ပြည့် #မြင်းခြံခရိုင် #အမှတ်၁တပ်ရင်း #27RevolutionForces #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10