သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရဲဘော် ၈ ဦး ကျဆုံးတာ ၁ နှစ်ပြည့်အဖြစ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းမှာ ပခုက္ကူ ခရိုင် အမှတ် ၆ တပ်ရင်း MVRF အဖွဲ့က ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၅ ရက် မနက် ၈ နာရီခွဲခန့်မှာ တပ်ဖွဲ့စခန်းကနေ ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူကိုသွားရောက် အလေး ပြုပြီး ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF တာဝန်ခံက ပြောပါတယ်။
“သံဃာတွေပင့်တာကတော့ သက်ဆိုင်ရာကျဆုံးရဲဘော်တွေရဲ့ အိမ်မှာပင့်ပြီး မိဘတွေနဲ့ ပေါင်းလုပ်ခဲ့တာပါ။ လေကြောင်းအန္တရာယ်ကြောင့် တနေရာထဲမှာ စုလုပ်ခဲ့တာ မဟုတ်ပါဘူး။ မိဘတွေရဲ့ တအိမ်ချင်းစီမှာ ဘုန်းကြီးပင့်ပြီး တရားနာလုပ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို တဦးလျှင် ၆ သိန်း ၆ သောင်းကျပ်တိတိထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်တပ်ရင်းက ရဲဘော် ၂ ဦးနဲ့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော် ၄ ဦးက ၂၀၂၃ ဩဂုတ်လအတွင်း ထုတ်လုပ်ရေးပစ္စည်းဒိုင်းနမိုက်ပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပြီး ခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော် ၂ ဦးကတော့ ၂၀၂၄ ဇူလိုင်လအတွင်းက ပျူစောထီးရွာအနားမှာ ပျူစောထီးရွာက ပြည်သူတွေကို ကယ်ထုတ်ရင်းနဲ့ မိုင်းထိပြီးကျဆုံးခဲ့တာလို့ ဆိုပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ရဲဘော် #မကွေးတိုင်း #ပခုက္ကူခရိုင် #မြိုင်မြို့ #MVRF
Share Share Share