ရဲဘော် ၈ ဦး ကျဆုံးခြင်း ၁ နှစ်ပြည့် ကုသိုလ်ကောင်းမှုလုပ်ပြီး ကျန်ရစ်တဲ့မိဘတွေကို ‌ငွေထောက်ပံ့ (ရုပ်/သံ)

ရဲဘော် ၈ ဦး ကျဆုံးတာ ၁ နှစ်ပြည့်အဖြစ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းမှာ ပခုက္ကူ ခရိုင် အမှတ် ၆ တပ်ရင်း MVRF အဖွဲ့က ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၈ နာရီခွဲခန့်မှာ တပ်ဖွဲ့စခန်းကနေ ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူကိုသွားရောက် အလေး ပြုပြီး ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF တာဝန်ခံက ပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို တဦးလျှင် ၆ သိန်း ၆ သောင်းကျပ်တိတိထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 

မင်းဘူးခရိုင်တပ်ရင်းက ရဲဘော် ၂ ဦးနဲ့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော် ၄ ဦးက ၂၀၂၃ ဩဂုတ်လအတွင်း ထုတ်လုပ်ရေးပစ္စည်းဒိုင်းနမိုက်ပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပြီး ခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော် ၂ ဦးကတော့ ၂၀၂၄ ဇူလိုင်လအတွင်းက ပျူစောထီးရွာအနားမှာ ပျူစောထီးရွာက ပြည်သူတွေကို ကယ်ထုတ်ရင်းနဲ့ မိုင်းထိပြီးကျဆုံးခဲ့တာလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ရဲဘော် #မကွေးတိုင်း #ပခုက္ကူခရိုင် #မြိုင်မြို့ #MVRF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10