ရဲဘော် ၁ ဦးနဲ့ ဆွေမျိုးတော်စပ်သူ ၂ ဦးကို စစ်ကောင်စီက မီးရှို့သတ်ပြီး၊ ပြည်သူ ၁၅ ဦးကိုပါ ဖမ်းဆီးသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာမှာနေထိုင်တဲ့ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့က ရဲဘော် ၁ ဦး နဲ့ မိသားစုဝင် ၂ ဦးကို မတ်လ ၁၂ ရက်မှာ စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုတ်ပြီး အရှင်လတ်လတ် ဖမ်းဆီးမီးရှို့သတ်ခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၂၈ နှစ်အရွယ် ရဲဘော် ဖိုးသဲ ဖြစ်ပြီး၊ သဲအင်းကျေးရွာမှာ‌ နေထိုင်နေစဉ် မနက်ပိုင်း ၆ နာရီလောက်မှာ မတ္တရာဘက်ကလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။


“သူ့ကိုနောက်ပြန်ကြိုးတုတ်ပြီးတော့ မိုင်းတွေကိုဖော်ခိုင်းတာ၊ လက်တွေ ခြေထောက်တွေကို ကျိုးကြေနေအောင်ရိုက်တယ်။ ခေါင်းတွေလည်း ကွဲပြဲနေအောင်ရိုက်တယ်။ သူနဲ့အတူ ဖမ်းမိတဲ့သူတွေက ပြန်ပြောပြတာ။ သူ့ကို နောက်ပြန်ကြိုးတုတ်ပြီး အရှင်လတ်လတ် တာယာကွင်းတွေ ရေနံဆီလောင်းပြီး မီးပုံရှို့သွားတာ။ သူအပါအဝင် ဆွေမျိုးနီးစပ်တော်သူ ၂ ယောက်ပါ သတ်သွားတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် သဲအင်းရွာက ပြည်သူ ၁၅ ဦးကိုပါ ဖမ်းဆီးသွားပြီး နေအိမ်တွေကိုပါ မီးရှို့သွားတယ်လို့ သိရပါတယ်။

ဖမ်းသွားတဲ့သူတွေထဲက စက်လှေပိုင်ရှင်သားနဲ့ တူကို စစ်ကောင်စီက တယောက်ကို သိန်း ၅၀ နဲ့ ရွေးခိုင်းလို့ မတ်လ ၁၅ ရက်ဒီကနေ့မှာပဲ သွားရောက်ရွေးထုတ်ခဲ့ပေမယ့် ကျန်တဲ့ပြည်သူ ၁၃ ဦးကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10