သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ အင်အား ၁၀ ဦးလောက်ပါတဲ့ စစ်ကောင်စီကားကို နိုဝင်ဘာ ၇ ရက်မနေ့ မနက် ၉ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger - MBT ဆီက သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေကို နွားထိုးကြီးနယ်ထဲက ပျားကျေးရွာကို မီးရှို့တဲ့ စစ်သားတွေထဲက အချို့ဟာ 4 wheels ကားနဲ့ထွက်လာချိန် မင်းရွာနဲ့ ကူကုန်းရွာအကြားမှာ ပဒေသာမိုင်း ၆ လုံးနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
"တယောက်ကတော့ ကားပေါ်မှာတင် ပွဲချင်းပြီးသေသွားတယ်။ နောက်တယောက်ကတော့ မသေသေးဘူး။ ဆေးရုံမှာ ဆေးကုသမှုခံနေပါတယ်။" လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ပျားကျေးရွာကို နိုဝင်ဘာ ၇ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဲ့ဒီရွာအနီးမှာ စစ်ကြောင်းရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း ရေစကြိုမြို့နယ် ရွှေလှံရွာအနီးမှာ ဘီးလူးစစ်ကြောင်းလက်ကျန်စစ်သားတွေနဲ့ Myingyan Black Tiger(MBT) အဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
ပုံစာ - ကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် လမ်းပိုင်း။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #နွားထိုးကြီး #စစ်ကောင်စီ #စစ်ကား #မိုင်းဆွဲ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း
Share Share Share