သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁၁ ရက် မနေ့ည ၇ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ် တိုက်ခိုက်ရေး တာဝန်ခံ ကိုကြခတ်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဦးအောင်စိုးဟာ ဒေသခံတွေကို ပျူစောထီးသင်တန်းတက်ခိုင်းတယ်ဆိုတဲ့ သတင်းတွေကြောင့် ဖမ်းဆီးစစ်ဆေးဖို့လုပ်ချိန် ရွာခံတချို့က ဝိုင်းလာတာကြောင့် ပစ်ခတ်ရှင်းလင်းပြီး ရွာကနေ ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။
"အစက ကျနော်တို့က ၅ ယောက်လုံးကိုဝင်ဆွဲဖို့ အိမ်တွေကဝေးနေတာ။ အဲ့တာကြောင့်အဓိက လူကို ဝင်ရှာဖွေနေတာ။ အစကတော့ သေနတ်မဖောက်ပဲ ဝင်ပြီးရှာဖွေမလို့ပါပဲ။ ရွာအနေနဲ့ ဖိလာလို့ အင်အားချင်းမမျှလို့ သေနတ်ဖောက်ပြီး ပြန်ဆုတ်ခဲ့ရတယ်"လို့ ကိုကြခတ်ကပြောပါတယ်။
ဦးအောင်စိုးဟာ စစ်ကောင်စီရဲ့ ခလရ ၇၈ တပ်ထဲကို ရွာခံ ၅ ဦးလွှတ်ပြီး ပျူစောထီးသင်တန်း တက်ခိုင်းခဲ့ပြီးနောက် ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားကြောင်းသိရတယ်လို့ တာဝန်ခံ ကိုကြခတ်က ပြောပါတယ်။
အဲ့ဒီကျေးရွာရဲ့ ဒေသခံအများစုဟာ စစ်တပ်ထောက်ခံကြသူတွေပိုများတယ်လို့ သိရကြောင်းလည်း သူက ဆက်ပြောပါတယ်။
ကုန်းပေါ်နက်ကျေးရွာဟာ ခလရ ၇၈ တပ်နဲ့ ၆ မိုင်ခန့်ဝေးပြီး စစ်ကောင်စီအဖွဲ့တွေ ကင်းစောင့်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့လည်း ၂ မိုင်ခန့်ဝေးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ချက်ချင်းပြန်ဆုတ်လာရတာလို့ ဆိုပါတယ်။
ပစ်ခတ်မှုပြီးတဲ့နောက် ပုပ္ပါးရဲစခန်းဘက်ကနေ စစ်ကား ၃ စီးက ကုန်းပေါ်နက်ကျေးရွာဘက်ကို ထွက်လာတယ်လို့သိရပြီး နောက်ဆက်တွဲအခြေအနေမသိရဘူးလို့ ကိုကြခတ်က ပြောပါတယ်။
ပုပ္ပါးမြို့အနီးကကျေးရွာတွေမှာ စစ်တပ်ကပျူစောထီးသင်တန်းပေးတာသာရှိပြီး အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ဘယ်သူ့ကိုမှ လက်နက်ချပေးထားတာမျိုးသတင်းမကြားမိဘူးလို့လည်း ကိုကြခတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ညနေပိုင်းကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးကျေးရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကိုဝင်းအောင်ကို Ah Nyar Myay People's Defense Force-Kyaukpadaung အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #ကျောက်ပန်းတောင်း #အုပ်ချုပ်ရေးမှူး #အသတ်ခံရ
Share Share Share