ရွာစဉ်ပတ် စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်းက ရွာစဉ်ပတ် စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီအင်အား ၆၀ ပါ စစ်‌ကြောင်းကို  ဒေသခံကာကွယ်ရေးတပ်တွေ မတ် ၁၄ ရက်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်သားနဲ့ ပျူစောထီးပူးပေါင်းပြီး အင်အား ၆၀ ရှိတဲ့ စစ်ကြောင်းကို နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘို့ရွာနဲ့ ကန်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

" ဒီကောင်တွေဘက်က လာပြီဆိုတာ ဖရဲသီးသတင်းပေးအရ ကျနော်တို့လည်းသိခဲ့တာ။ အဲ့ဒါကြောင့်ကျနော်တို့ဘက်ကလည်း နေရာကိုအရင်ဦးအောင်သွားစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ နနွင်းတော်ဘို့ရွာနဲ့ ကန်ရွာအကြားထဲမှာ တိုက်ပွဲဖြစ်တာပါ" လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မြင်းခြံက စစ်သားတွေနဲ့ ပျူစောထီးတွေဖြစ်ပြီး မတ် ၁၂ ရက်နဲ့ ၁၃ ရက်က မြင်းခြံမြို့နယ်နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်းက မကျီးစုကျေးရွာ၊ သင်ပြွန်းကျေးရွာ၊ ဆိတ်ကုန်းကျေးရွာ၊ ပျိုးကန်ကျေးရွာ၊ ကန်စွယ်ကျေးရွာက နေအိမ်တွေကို တရွာထွက် တရွာဝင် စစ်ကြောင်းထိုး မီးရှို့နေစဉ် တိုက်ခိုက်ခံရတာဖြစ်ပြီး ကောင်စီဘက်က ၁၀ ဦးကျော်‌ သေဆုံးခဲ့သလို ၅ ဦးဒဏ်ရာရတယ် လို့ ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်ပကဖ၊ နွားထိုးကြီးမြို့နယ်ပကဖ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ  

#နွားထိုးကြီး #စစ်ကောင်စီစစ်ကြောင်း #ရွာစဉ်ပတ်မီးရှို့ #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10