ရွာစဉ်ပတ်မီးရှို့နေတဲ့ စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရွာစဉ်ပတ် စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီစစ်‌ကြောင်း ၂ ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဇွန်လ ၂ ရက်ကစပြီး ၄ ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကြောင်း ၂ ကြောင်းပေါင်း အင်အား ၁၅၀ နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ စစ်ကြောင်းကို ဝက်လက်မြို့နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Bo Tiger - (ဗိုလ်ကျားကြီး) ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

"ဝက်လက်မြို့နယ်အတွင်းမှာ ရွာစဉ်ပတ်မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ၃ ကြိမ်လောက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ၊ နဘဲရွာအနားမှာ ဇွန်လ ၂ ရက် မနက်ပိုင်း ၉ နာရီ တကြိမ်၊ စဉ့်ကိုင်ရွာမှာ ဇွန်လ ၃ ရက် ညနေ ၅ နာရီတကြိမ်၊ တလိုင်းရွာနဲ့ စဥ့်ကိုင်အကြားမှာ ဇွန်လ ၄ ရက်က တကြိမ်ဖြစ်ခဲ့တာ" လို့ ပြောပါတယ်။  

အဲ့ဒီစစ်ကြောင်းဟာ စစ်ကိုင်းတိုင်းထဲကနေ လှတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ က စစ်သားတွေနဲ့ ရွှေဘို ၄၈ တပ်ရင်းကဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ကျော်‌လောက် သေဆုံးခဲ့ပြီး အဆိုပါစစ်သားတွေဟာ စဉ့်ကိုင်ကျေးရွာက နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လက်ရှိအချိန်အထိ စဉ့်ကိုင်နဲ့ တလိုင်းရွာအကြားမှာ ရှိနေတယ်လို့ ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုကို Bo Tiger(ဗိုလ်ကျားကြီး )တပ်ဖွဲ့၊ ရဲရဲတောက်လူငယ် ပြောက်ကျားတပ်ဖွဲ့ (ဗိုလ်ကျားကြီး တပ်ခွဲ ၁)၊ SGU ဂဠုန်ပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ် ညီနောင်များက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက်  #စစ်ကြောင်း #တိုက်ပွဲ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10