ရွာတွေကို စစ်ကြောင်းထိုးပြီး ထွက်လာတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး သေဆုံးမှုများဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက မယ်ဇလီချောင်၊ အက်နံ၊ ရွှေကဲပျံ စတဲ့ရွာတွေကို စစ်ကြောင်းထိုးပြီး ရွှေကဲပျံရွာက ထွက်လာတဲ့စစ်သားတွေကို မတ်လ ၁၇ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က သေဆုံးသူများတယ်လို့ Bo Tiger-ဗိုလ်ကျားကြီး ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

မတ္တရာနဲ့ မန္တလေးဘက်ကနေ ၂ ဖွဲ့ပေါင်းပြီး ထွက်လာတဲ့ စစ်သားတွေဟာ အင်အား ၃၀ ဝန်းကျင်နဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီးထွက်လာချိန် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ပြီး နေ့လယ် ၂ နာရီမှာ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ စစ်သားအလောင်းတွေကို လှည်းတွေနဲ့‌ ရွှေကဲပျံရွာမော်တော်ဆိပ်ကိုသယ်သွားပြီး မော်တော်နဲ့ အရှေ့ဘက်ကမ်းကို ကူးသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ၂၂ ဦးသေဆုံးခဲ့တယ်လို့ ပြောပေမယ့် ဒီသေဆုံးမှုအရေအတွက်နဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး၊ ကျားသစ်နက်နယ်စည်းမခြား၊ မတ္တရာ ပကဖ အဖွဲ့ပေါင်းစုံနဲ့ ထန်းကြီးဘက်အဖွဲ့ပေါင်းစုံက ၁၀ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဗိုလ်ကျားကြီးရဲ့ပေါင်ကို သေနက်ရှပ်မှန်ခဲ့သလို ရဲဘော်တဦးလည်း လက်နက်ကြီးစထိမှန်ပြီး ခြေထောက်အရိုးကွဲသွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10