ရွာထဲပိတ်မိနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးကြဲ

ရွာထဲပိတ်မိနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးကြဲ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၆ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ THU RAIN TR အဖွဲ့ဆီက သိရပါတယ်။ 

တပ်မ ၁၀၁ က စစ်သားအင်အား ၁၅၀ လောက်ဟာ တွင်းမရွာကို ဒီဇင်ဘာ ပထမလောက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေပိတ်ဆို့ထားတဲ့အတွက် အဲ့ဒီရွာမှာတပ်စွဲနေခဲ့ကာ မနေ့က မနက်ပိုင်းမှာ ရွာကနေထွက်ဖို့ ပြင်ဆင်နေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“မနေ့က သရက်ကန်ရွာဘက်ကို ထွက်မဲ့ပုံစံပြလို့ ဒရုန်းနဲ့ဗုံးကြဲချခဲ့တာ၊ တနေကုန်ချခဲ့တာ၊ ဗုံးသီး ၁၀ လုံးကျော်ကြဲချခဲ့တာ” လို့  THU RAIN TR တာဝန်ခံက ပြောပါတယ်။

တွင်းမကျေးရွာဟာ ပျူစောထီးအများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ဒေသခံအများစုက ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။  

လက်ရှိမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက တွင်းမရွာထဲမှာပဲ ပိတ်မိနေသေးတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Thu Rain T.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်၊ ဂဠုန်တပ်ခွဲ ၂နဲ့ D.M.G မြိုင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ THU RAIN TR တာဝန်ခံက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စစ်ကောင်စီ #တိုက်ခိုက်ခံရ #ကာကွယ်ရေးတပ် #ဗုံးကြဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10