သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၈၄၃ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ဇူလိုင် ၁၃ ရက်မနက်ပိုင်းမှာ ဆက်လက်ချီတက်ခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေဆီက သိရပါတယ်။
သပိတ်စစ်ကြောင်းကို ကျေးရွာပေါင်းစုံက အမျိုးသမီး၊ အမျိုးသား၊ ကလေးအင်အား ၅၀၀ ဝန်းကျင်က လမ်းလျောက်ချီတက်ခဲ့တာ ဖြစ်ပြီး "တော်လှန်ရေးဟာ ဒီထက်ပိုကြမ်းတမ်းလာမှာဖြစ်လို့ အားတင်းပြီး ဆက်လျှောက်ကြဖို့နဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းများကို ဟောပြောခဲ့ပါတယ်" လို့ ယင်းမာပင်-ဆားလင်း ကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစနေက မြေလတ်အသံကို ပြောပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ယင်းမာပင် #ဆားလင်းကြီး #လူထုလှုပ်ရှားမှု #သပိတ်စစ်ကြောင်း #ရွာပေါင်းစုံသပိတ်
Share Share Share