ရွာပေါင်း ၁၀ ရွာက လူထုအင်အား ၃၀၀၀ ကျော်ပါဝင်ခဲ့တဲ့ နိုင်ငံရေးအသိပညာပေးပွဲနဲ့ တော်လှန်ရုပ်ရှင်ပြသပွဲ

ရွာပေါင်း ၁၀ ရွာက လူထုအင်အား ၃၀၀၀ ကျော်ပါဝင်ခဲ့တဲ့ နိုင်ငံရေးအသိပညာပေးပွဲနဲ့ တော်လှန်ရုပ်ရှင်ပြသပွဲ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ကျေးရွာ ၁၀ရွာမှာ လူထုနိုင်ငံရေးအသိပညာပေးပွဲနဲ့ တော်လှန်ရုပ်ရှင်ပြသပွဲ ကျင်းပခဲ့ပြီး ကျေးရွာပေါင်းစုံက ပြည်သူ ၃၀၀၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုကတဆင့် သိရပါတယ်။

ယခုနှစ် ဇူလိုင်လ အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးမှာ သွေးမအေးဘဲ လူထုအားလုံးပါဝင်နိုင်တဲ့ တော်လှန်ရေးတိုက်ပွဲတခုကို ဖော်ဆောင်နိုင်ဖို့နဲ့ ကျေးရွာလူထုရဲ့ နိုင်ငံရေးအသိကို မြှင့်တင်ပေးဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့ရွာတွေမှာဆို တော်လှန်ရေးလုပ်တယ်။ ဒါပေမယ့် လူထုသပိတ်တိုက်ပွဲတွေနဲ့ စိမ်းနေသေးတာတွေရှိတယ်၊ ဒါကြောင့် အသိပညာပေးတာတွေ တော်လှန်ရုပ်ရှင်ပြတာတွေ လုပ်ပေးတယ်။ တချို့ဆို သမ္မတဘယ်သူလဲ မသိသေးတဲ့သူတွေ အများကြီးရှိတယ်။ အဲ့လိုရွာတွေရှိတဲ့အတွက် အခြေခံကအစ ဆွဲခေါ်ရတယ်၊ ဟောပြောရတယ်။” လို့ အမျိုးသမီးမဟာမိတ်အင်အားစု အဖွဲ့ဝင် မအေးမြင့်အောင်က ပြောပါတယ်။

နေ့လယ်ဘက်တွေမှာ လူထုနဲ့ တွေ့ဆုံကာ နိုင်ငံရေး‌ဗဟုသုတတွေ ဝေမျှခဲ့ကြပြီး ညဘက်တွေမှာတော့ တော်လှန်ရုပ်ရှင်ဖြစ်တဲ့ မိုးခါးရေ ဇာတ်လမ်းပြသတာတွေ၊ ဖယ်ဒရယ်ဒီမိုကရေစီ အခြေခံသဘောတရားနဲ့ သက်ဆိုင်တဲ့ ဗီဒီယို ပြသတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီပွဲကို အမျိုးသမီးမဟာမိတ်အင်အားစု၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တပြီး ဒေသခံ ပကဖ၊ ပအဖနဲ့ မန္တလေးနိုင်ငံရေးအင်အားစု ဦးဆောင်သူတွေကလည်း လူထုကို နိုင်ငံရေးအသိပညာနဲ့ပတ်သက်ပြီး ဟောပြောခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#‌မကွေးတိုင်း #ရေစကြို #လူထုသပိတ် #နိုင်ငံရေးအင်အားစု #အမျိုးသမီးမဟာမိတ် #ဖက်ဒရယ် #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10