ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက် ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့  ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၁၀ ဦးနဲ့ ပျူစောထီး ၃၀ ဦးဝန်းကျင်တပ်စွဲထားရာနေရာကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်အစော ၁ နာရီကျော်ကနေ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။

 

မနက်အစောကြီး ၁ နာရီကနေ နေ့လယ် ၁၀ နာရီခွဲအထိ ၁၀ နာရီနီးပါးအကြာတိုက်ခိုက်မှုအပြီးမှာတော့ စခန်းကိုအပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး သေဆုံးအလောင်းတွေကိုတော့ ထွက်ပြေးသွားတဲ့ ပျူစောထီးတွေကထမ်းသယ်သွားတယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ပွဲမှာ ၉ လုံးပြောင်းချော ၁ လက်၊ MA 2 ဘောက် ၁ ခု၊ အီနာဂါ ဗုံးသီး ၂ လုံး၊ စစ်ယူနီဖောင်းနဲ့ ဦးထုပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ခိုက်မှုကိုတော့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၅) တပ်ပေါင်းစု 96 soldiers-PDFအညာဒေသတပ်ခွဲ၊ တိုက်နယ်(၂) တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

 

ရွာသာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့‌တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သားနဲ့ ပျူစောထီး‌တွေ ပလိုင်းအထိုင်စခန်းကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #ရွာသာရွာပျူစောထီးစခန်း #တော်လှန်ရေးအင်အားစု #စစ်ကောင်စီ #ဆုတ်ခွါ #လက်နက်ခဲယမ်း #စခန်းသိမ်း #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10