ရွာအဝင်လမ်းမှာ မိုင်းထိလို့ ဒေသခံ ၂ဦးသေဆုံး

ရွာအဝင်လမ်းမှာ မိုင်းထိလို့ ဒေသခံ ၂ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာကို ပြန်လာတဲ့ ပြည်သူ ၂ ဦးမိုင်းထိလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၈ ရက် နေ့လယ်မှာ လှည်းလမ်းကူးရွာ ဒေသခံတွေဖြစ်တဲ့ ဒေါ်ဖြူနု ၄၁ နှစ်နဲ့ သမက်ဖြစ်သူ ကိုသူရိန်စိုး ၁၈ နှစ်တို့ဟာ ကျေးရွာထဲကိုပြန်ဝင်ချိန် ရွာအဝင်လမ်းမှာ မိုင်းထိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ရွာမှာက စစ်တပ်ဘက်က တပ်စွဲထားလို့ ပြေးနေကြရတာ။ ခုက စစ်တပ်မရှိတော့ဘူးဆိုလို့ ရွာအခြေအနေကို သွားကြည့်ရာမှာ မိုင်းထိသွားတာ။ နှစ်ယောက်စလုံးက နေရာမှာပဲ ဆုံးသွားကြတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

လှည်းလမ်းကူးကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတာ ၃ လနီးပါးကြာမြင့်ခဲ့လို့ ကျေးရွာနေ ပြည်သူတွေဟာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဇူလိုင် ၆ ရက်မှာ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားလို့ ကျေးရွာနေသူတွေဟာ ရွာကို ပြန်လာပြီး အခြေအနေကြည့်သူတွေနဲ့  ရွာမှာပြန်လာနေသူတွေရှိနေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းက ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း သရက်တန်းရွာ တောင်ဘက်ထိပ်မှာ ပြည်သူ ၂ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#​မြေလတ်အသံ

#ပဲခူး #ထန်းတပင် #လှည်းလမ်းကူးကျေးရွာ #ဒေသခံ #မိုင်းထိ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10