ရွာ ၆ ရွာကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ရွာ ၆ ရွာကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းက ကျေးရွာ ၆ ရွာကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း လူသိများသူတဦးကို နိုဝင်ဘာ ၃၀ ရက် မနေ့ကမနက် ၇ နာရီလောက်မှာ ရှင်းလင်းခဲ့တယ်လို့  နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF အဖွဲ့ဆီက သိရပါတယ်။ 

ရှင်းလင်းခံရသူမှာ ရွာမ၊ ကျောက်မျှော်၊ လယ်ကျင်းဦး၊ ဒုံငင်၊ ရွာသာအေးနဲ့ ရွှေလီကျေးရွာတို့ကို အုပ်ချုပ်နေတဲ့ အသက် ၄၀ အရွယ် ဦးသက်ခိုင်ဖြစ်ပြီး သူ့ကို မိုးတောင်ကျေးရွာထဲက လက်ဘက်ရည်ဆိုင်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ့ဆီကနေ ပွိုင့် 22 လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ဖုန်း ၁ လုံးနဲ့ ပိုက်ဆံ ၁ သိန်းကျော် သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF တပ်ခွဲ ၂ တပ်ခွဲ ၃ နဲ့ MP-9 တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပစ်ခတ်ပြီးနောက်ပိုင်း ၂ နာရီ‌လောက်မှ ငါန်းမြာကြီးမြို့ကနေ စစ်ကောင်စီတပ်သားတွေနဲ့ ရဲ‌တွေ ရောက်လာပြီး ဦးသက်ခိုင်ရဲ့အလောင်ကို ငါန်းဇွန်မြို့ကို သယ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိ (မြို့ပြ)နဲ့ စားသုံးသူရေးရာဦးစီးမှူး (ငြိမ်း) တို့  ၂ ဦးတို့ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာအနီးမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန်မြို့နယ် #စစ်ကောင်စီ #ကျေးရွာ၆ရွာ #အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10