ရွေးကောက်ပွဲအတွက်ဆိုကာ ပြည်ခရိုင်တွင် အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူနေ

ရွေးကောက်ပွဲအတွက်ဆိုကာ ပြည်ခရိုင်တွင် အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူနေ

ရွေးကောက်ပွဲကျင်းပရန်အတွက်ဆိုကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မြို့နယ်အချို့တွင် အိမ်ထောင်စုစာရင်းများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တဆင့်လိုက်လံကောက်ခံနေကြောင်း အုပ်ချုပ်ရေးမှူးများထံကသိရသည်။

မတ်လဆန်းကစတင်ကာ ပန်းတောင်းမြို့၊ ပြည်မြို့ တို့တွင် လိုက်လံကောက်ယူနေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပ ရန်အတွက် အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ခံနေပြီး အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိသူများကို ပန်းခင်းစီမံချက်ဆိုကာ လုပ်ခိုင်းနေကြောင်း သိရသည်။

"ဒီမှာတော့ ရွေးကောက်ပွဲအတွက်ဆိုပြီး လူစာရင်းတွေကောက်ခိုင်းနေပြီ အရင်စာရင်းတွေကို မယုံလို့လုပ်နေတာ ထင်တယ်။ မရှိသူတွေကိုလည်း လုပ်ပေးနေတယ် ပန်းခင်းစီမံချက်ဆိုပြီး တချို့တွေလည်း လုပ်လားမလုပ်လားတော့သေချာမသိဘူး ထောက်ခံစာတွေလည်း လာလုပ်နေတာပဲ" လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးကပြောသည်။

အဆိုပါ အိမ်ထောင်စုစာရင်းကောက်ယူနေမှုများတွင် အချို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများမှာ ဒေသခံပြည်သူများထံက ငွေကြေးတောင်းခံမှုများရှိနေပြီး အိမ်ထောင်စုစာရင်းထဲမှ နေအိမ်တွင် မရှိသူများကိုလည်း မေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီကလည်း ခရီးသွားလာရာတွင် ထောက်ခံစာဖြင့်သွားလာခြင်းကို ခွင့်မပြုတော့ပဲ မှတ်ပုံတင်ဖြင့်သာ သွားလာရန် ထုတ်ပြန်ကြေညာထားသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10