ရွှေကျင်က စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်း တိုက်ခံရပြီး စစ်သား ၁ ဦးသေ

ရွှေကျင်က စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်း တိုက်ခံရပြီး စစ်သား ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ့်ကျေးရွာရှိ စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းတိုက်ခံရပြီး စစ်သား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

 ဩဂုတ် ၃၀ ရက် နေ့လယ် ၂ နာရီခန့်မှာ KNLA တပ်မဟာ ၃ နဲ့ PDF ပူးပေါင်းတပ်တွေက ကွမ်းဆိပ့်ရွာ တောင်ကုန်းမှာ အထိုင်ချထားတဲ့ ခမရ ၅၉၈ တပ်ရင်းဂိတ်ရှေ့ထိ သွားရောက်တိုက်ခိုက်ခဲ့ ကြတာလို့ ဆိုပါတယ်။ 

"ပထမက အဝေးကနေဘဲ ပစ်ဖို့သွားကြရာကနေ အခြေအနေပေးလို့ ဂိတ်ပေါက်ဝထိ သွားပစ်ခဲ့ကြတယ်။ ရွှေကျင်ဘက်ကနေ စကစ စစ်ကူလာတယ်လို့ သတင်းရတဲ့အတွက် ပြန်ဆုတ်လာကြရတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦး က ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာခဲ့ပြီး ဂိတ်ပေါက်စောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

KNLA ပူးပေါင်းတပ်တွေ ပြန်ဆုတ်ပြီးနောက်မှာ ခမရ ၅၉၈ တပ်ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်နီးပါး ထပ်မံပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းကလည်း ရွှေကျင်မြို့နယ်၊ ဒုံစရစ်၊ စလူချောင်းကျေးရွာကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ထက်မနည်း သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရွှေကျင်မြို့နယ် #ကွမ်းဆိပ့်ကျေးရွာ #စစ်ကောင်စီ #ခမရ၅၉၈တပ်ရင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10