ရွှေကျင်က စစ်ကောင်စီရဲ့ ဖမ်းဆီးခံ အုပ်ချုပ်ရေးမှူးလင်မယား ပြန်လွတ်

ရွှေကျင်က စစ်ကောင်စီရဲ့ ဖမ်းဆီးခံ အုပ်ချုပ်ရေးမှူးလင်မယား ပြန်လွတ်

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ပျဉ်ရေအရှေ့ဘက်ကမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ၅၅ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်လုံး ၅၀ နှစ်တို့ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၃ ရက် မနေ့ ညနေပိုင်းမှာ သူတို့နေထိုင်တဲ့ရွာကို ပြန်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

"သူတို့လင်မယားကို ဖမ်းသွားပြီးတော့ စစ်တာပေါ့။ KNU၊ PDF တွေ ဘာလုပ်နေလဲ သိသလောက် ရေးပေးဆိုပြီး စာရွက်အလွတ်မှာ ရေးခိုင်းတယ်တဲ့။ ရိုက်နှက်ထုထောင်းတာတွေတော့ မရှိဘူး။ မနေ့က ပြန်လွတ်လာတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာပါသွားတဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကိုလည်း စစ်ကောင်စီအဖွဲ့တွေက ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးဟာ ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ညောင်လေးပင်မြို့ကနေ ဆေးကုသပြီးပြန်လာချိန် ညောင်လေးပင်မြို့အထွက် ရထားလမ်းအကျော်နဲ့ ငှက်ပျောတော စစ်ကောင်စီစစ်ဆေးရေးဂိတ်အကြားမှာ ဖမ်းဆီးခံလိုက်ရတာပါ။  

စစ်ကောင်စီဘက်ကတော့ ဦးတင်ထွန်းဟာ PDF တွေနဲ့ ဆက်သွယ်ပြီး PDF တွေခိုင်းတာ လုပ်ပေးနေသူလို့ဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် ဦးတင်ထွန်းကို စစ်ကောင်စီရဲ့ ခမရ ၂၀ တပ်ထဲနဲ့ ဇနီးဖြစ်သူ ဒေါ်လုံးကိုတော့ ညောင်လေးပင်ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ဖမ်းဆီး #အုပ်ချုပ်ရေးမှူးလင်မယား #ပြန်လွှတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10