ရွှေကျင်မြို့နယ်တွင် လောင်းကစားဝိုင်းမှာ မိုင်းကွဲလို့ ကစားနေသူ ၁၃ ဦးဒဏ်ရာရ

ရွှေကျင်မြို့နယ်တွင် လောင်းကစားဝိုင်းမှာ မိုင်းကွဲလို့ ကစားနေသူ ၁၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာရှိ ရာဘာခြံတခုအတွင်း လောင်းကစားလုပ်နေရာမှ လောင်းကစားဝိုင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကစားနေသူ ၁၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံထံက သိရပါ တယ်။

မတ် ၁၆ ရက် ညနေ ၃ နာရီကျော်ခန့်မှာ အဆိုပါ လောင်းကစားဝိုင်းအတွင်းကနေ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လောင်းကစားဝိုင်းအတွင်းမှာ ကစားနေသူတွေထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။ 

"လောင်းကစားဝိုင်းဆိုတော့ လူပေါင်းစုံလာတာ။ ဘယ်သူက ဘယ်အချိန် ထားသွားတဲ့မိုင်းလည်းတော့မသိဘူး။ အန်ဂလုံဝိုင်းနားကနေ ပေါက်တာ။" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်လို့ လောင်းကစားဝိုင်းအတွင်းရှိနေတဲ့ အသက် ၂၅ ကနေ ၆၀ နှစ်အကြား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦးစုစုပေါင်း ၁၃ ဦးဒဏ်ရာရသွားပြီး ခြေထောက်ပြတ်သွားသူ ၂ ဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

မိုင်းပေါက်လို့ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက ရွှေကျင်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရ တယ်လို့ သိရပါတယ်။

အဆိုပါ လောင်းကစားဝိုင်း ရာဘာခြံအတွင်းမှာပြုလုပ်နေတာဟာ တလနီးပါးရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်တွေမှာ လောင်းကစားဝိုင်းတွေပေါများလာသလို လောင်းကစားဝိုင်းတွေ ဦးစီးပြုလုပ်သူတွေဟာ စစ်ကောင်စီနဲ့နီးစပ်တဲ့အဖွဲ့တွေထံ အခကြေးငွေပေးကာ လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရွှေကျင်မြို့ #ဝင်းခနိမ်ကျေးရွာ #ရာဘာခြံ #လောင်းကစား #မိုင်းပေါက်ကွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10