ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီဘက်က ၁ ရက်တည်း လက်နက်ကြီး ၄ ကြိမ်ပစ်လို့ ပြည်သူ ထိခိုက်မှုရှိ

ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီဘက်က ၁ ရက်တည်း လက်နက်ကြီး ၄ ကြိမ်ပစ်လို့ ပြည်သူ ထိခိုက်မှုရှိ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ထဲက ချုံအင်းကျေးရွာနဲ့ ပျဥ်ရေအနောက်ကျေးရွာထဲကို စစ်ကောက်စီဘက်က ၁ ရက်တည်း လက်နက်ကြီး ၄ ကြိမ်ပစ်ခတ်ခဲ့ရာ ပြည်သူထိခိုက်မှုရှိတယ်လို့ KNU ဗဟိုက စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။


ဩဂုတ်လ ၃၁ ရက် မနက် ၁၀ နာရီခွဲနဲ့ ၁၁ နာရီကြားထဲမှာ ၂ ကြိမ်၊ ည ၇ နာရီနောက်ပိုင်းမှာ ၂ ကြိမ် ၆၀ မမ လက်နက်ကြီး ၁၅ လုံးခန့်ကို ထန်းတပင်ရထားလမ်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီးတွေက တရစပ်ကို ပစ်တာ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကို ဒီအတိုင်းပစ်နေတာ။ ရွာတွေဘက်ကို PDF ရှိတယ်အထင်နဲ့ ရမ်းပစ်နေတာဖြစ်မယ်" လို့ ဒေသကာကွယ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မနက်ပိုင်းမှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ချုံအင်းကျေးရွာနေ ညာဖောလေးထူး အသက် ၅၀ နှစ်ကျော်မှာ ညာလက် အစမှန်ထိခိုက်ဒဏ်ရာရသွားပြီး သူရဲ့နေအိမ်ပျက်စီးသွားပါတယ်။


ညပိုင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးဟာ ချုံအင်းကျေးရွာနဲ့ ပျဥ်ရေအနောက်ကျေးရွာထဲကို ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုအခြေနေနဲ့ ပျက်စီးမှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဩဂုတ်လ ၁၄ ရက် မနက်ပိုင်းမှာ ရွှေကျင်မြို့နယ်၊ ဂွေးကုန်း၊ ဂွမ်းဒလကြီး၊ အင်းကပ်ပလိပ်ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့ရာ အင်းကပ်ပလိပ်ကျေးရွာ စာသင်

ကျောင်းအနီး လက်နက်ကြီးကျ ပေါက်ကွဲခဲ့ရာ ကျောင်းသား ၂ ဦးနဲ့ ဆရာမ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ရွှေကျင် #လက်နက်ကြီးပစ်ခတ်မှု #စစ်ကောင်စီ #ဒေသခံပြည်သူ #ထိခိုက်ဒဏ်ရာရ #KNU

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10