ရွှေကျင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

ရွှေကျင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အင်းဗဝါးကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက် ည ၇ နာရီခန့်မှာ ညောင်လေးပင်အခြေစိုက် ခလရ ၂၀ တပ်ရင်းကနေ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို ၁၂၀ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ အင်းဗဝါးကျေးရွာထဲကို ၁ လုံးကျရောက်ပေါက်ကွဲပြီး စောဝေခို ၂၇ နှစ်နဲ့ ဒေါ်ရီဝင်း ၅၈ နှစ်တို့မှာ နောက်ကျောနဲ့ ခြေထောက်တွေ အစမှန်ဒဏ်ရာတွေရခဲ့တာပါ။ 

"လူနေအိမ်တွေနားကိုကျလာလို့ နေအိမ်မှာ စကာထိုင်ပြောနေသူတွေ အစမှန်ဒဏ်ရာတွေရခဲ့ကြတယ်။ စိုးရိမ်စရာတော့မရှိဘူး။ ရွာသားတွေကတော့ လန့်ကုန်တယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ KNU ဆေးတပ်ဖွဲ့တွေဘက်က ဆေးကုသမှုပေးနေပါတယ်။ 

ဖေဖော်ဝါရီလ ၂၁ ရက် မနက် ၁၀ နာရီကျော်မှာလည်း ရွှေကျင်မြို့နယ်၊ ထီးဝါးထားကျေးရွာအတွင်းကို စစ်ကောင်စီဘက်က တိုက်လေယာဥ် ၂ စီးနဲ့ ဗုံး ၈ လုံးလာရောက်ဗုံးကြဲခဲ့ရာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၄ လုံးပျက်စီးခဲ့ပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10