ရွှေကျင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁ ဦးဒဏ်ရာရပြီး ဒေသခံတွေပါ ဘေးလွတ်ရာထွက်ပြေးနေရ

ရွှေကျင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁ ဦးဒဏ်ရာရပြီး ဒေသခံတွေပါ ဘေးလွတ်ရာထွက်ပြေးနေရ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပျဥ်ရေကျေးရွာအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဇွန် ၂၇ ရက် ညနေ ၃ နာရီခန့်မှာ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကနေ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ခန့် ပစ်ခဲ့ရာမှာ ရွှေကျင်မြို့နယ်၊ ပျဥ်ရေနဲ့ ဝိုင်ကျွန်းကျေးရွာ တွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ဒေသခံ ၁ ဦး ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ 

"သူတို့ကတော့ PDF တွေရှိတယ်ဆိုပြီး အကြောင်းပြချက်နဲ့ ပစ်နေတာပါဘဲ။ ခု လက်နက်ကြီးထိတဲ့ တယောက်ဆို သူဟာသူအိမ်ထဲနေနေတာကို အစလာမှန်တာ"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးအစ ထိမှန်သူဟာ ပျဥ်ရေအရှေ့ဘက်ကမ်းရွာနေ ကျော်လင်းစိုး ၂၂ နှစ် ဆိုသူဖြစ်ပြီး ဦးခေါင်းရှပ်မှန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေလို့ ပျဥ်ရေနဲ့ဝိုင်ကျွန်းကျေးရွာက ဒေသခံအချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက် မနက် ၉ နာရီလောက်မှာလည်း ရွှေကျင်မြို့နယ်၊ အင်ဝိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်က သက်ကယ်ကုန်းရွာဘက်ကို ၆၀ မမ အပါအဝင် လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ရွှေကျင်မြို့နယ် #ပျဥ်ရေကျေးရွာ #စစ်ကောင်စီ #ရမ်းသမ်းပစ် #လက်နက်ကြီး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10