ရွှေကျင်မှာ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

ရွှေကျင်မှာ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီကျော်ကစပြီး သံဆိပ်ကျေးရွာ၊ ရွှေငန်းဖြူ ရော်ဘာခြံ၊ ရွှေကျင်-ကျောက်ကြီးလမ်းဘေးရှိ ကျောက်တန်း၊ အင်းဂနီကျေးရွာဘက်တွေကို တိုက်လေယာဥ်နဲ့ ၆ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"စကစ ဘက်က PDF တွေရှိတယ်အထင်နဲ့ လာပစ်တာ။ စက်သေနတ်နဲ့ပစ်တာရော ဗုံးကြဲတာရော လုပ်သွား တယ်။ အဲ့မှာ အိမ်ထဲနေနေတဲ့ သက်ကြီးပိုင်း အမျိုးသမီးကို ထိသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်လို့ ကျောက်တန်းကျေးရွာနေ အသက် ၆၀ အရွယ်ရှိ ဒေါ်ခင်ထွေးဟာ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လေယာဥ်နဲ့ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကျောက်တန်း၊ သံဆိပ်၊ အင်းဂနီအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ရွှေကျင်မြို့နယ်၊ ကျူချောင်ရွာရှိ စစ်ကောင်စီရဲ့ ခမရ ၃၅၁ တပ်ရင်း စခန်းတခု တိုက်ခိုက်ခံရပြီးနောက် သိမ်းပိုက်ခံလိုက်ရပါတယ်။

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#ပဲခူးတိုင်း #ရွှေကျင်မြို့ #ကျောက်တန်းကျေးရွာ #စစ်ကောင်စီ #လေကြောင်း #အမျိုးသမီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10