ရွှေစက်တော်ဘုရားဖူး လိုက်ထရပ်ယာဥ်တိမ်းမှောက်လို့ ၄ ဦးဒဏ်ရာရ

ရွှေစက်တော်ဘုရားဖူး လိုက်ထရပ်ယာဥ်တိမ်းမှောက်လို့ ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်း မန်းစက်တော်ရာဘုရားအဝင် ၃ မိုင်လမ်းခွဲအနီးမှာ ရွှေစက်တော်ဘုရားဖူးယာဥ်တိမ်းမှောက်လို့ ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၁၇ ရက် မနေ့ညနေ ၅ နာရီခန့်မှာ ရွှေစက်တော်ကနေ မင်းဘူးဘက်ကိုမောင်းနှင်လာတဲ့ လိုက်ထရပ်ယာဥ်ဟာ အခင်းဖြစ်ပွားရာနေရာအရောက်မှာ အရှိန်လွန်တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"ကားက မောင်းလာတာအရှိန်များတယ်။ သူ့အရှေ့က ကားတွေကိုကျော်တက်တာ။ လမ်းဆုံလည်း ရောက်ရော ကားကလူးပြီးမှောက်သွားတာ။ ကျနော်တို့အရှေ့မှာပဲ မှောက်သွားတာ။ ဘုရားဖူးကားလို့ တော့သိရတယ်"လို့ ငဖဲဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကားမှောက်လို့ ဘုရားဖူးကားပေါ်ပါ လူ ၁၀ ဦးကျော်ထဲက  မကွေးမြို့နေထိုင်သူ အသက် ၂၀ မှ ၃၀ ကြား လူငယ် ၄ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက မင်းဘူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ပုသိမ်-မုံရွာလမ်းပိုင်းမှာ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းမှာလည်း ပုသိမ်-မုံရွာလမ်း ဥသျှစ်ပင်လမ်းဆုံအနီးလမ်းညွှန်ဆိုင်းဘုတ်ကို ပန်းတောင်းမြို့နေ အမျိုးသားတဦး ဆိုင်ကယ်နဲ့ဝင်တိုက်မိလို့ သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ငဖဲ #ရွှေစက်တော် #ဘုရားဖူးကား #တိမ်းမှောက် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10