ရွှေတောင်ကပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို မျှော်လင့်နေကြသလဲ

ရွှေတောင်မြို့ဟာ ပြည်ခရိုင်ထဲက ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့မြို့လေးဖြစ်ပြီး၊ ကျီးသဲလေးထပ်ဆရာတော်နဲ့ ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးသခင်ကိုယ်တောင်မှိုင်ရဲ့ ဇာတိမြို့လေးဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ ရွှေတောင်စည်းလုံးချည်၊ ရွှေတောင်ခေါက်ဆွဲဟာ ဆိုရင်လည်း မြန်မာနိုင်ငံတနံတလျားလူကြိုက်များကြပါတယ်။

ရွှေတောင်မြို့နယ်အတွင်းနေထိုင်ကြသူတဲ့ ပြည်သူအများစုဟာ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းတွေကို အခြေပြုလုပ်ကိုင်ကြတဲ့သူများပြီး၊ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားတွေ ဒုတိယအများစုနေထိုင်ကြလို့ ငြိမ်းချမ်းတဲ့ မြို့လေးတမြို့လည်းဖြစ်ပါတယ်။

အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10