ရွှေတောင်မှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

ရွှေတောင်မှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က ကျေးရွာအချို့မှာ ဧပြီ ၁၇ ရက်မနေ့ညနေ ၆ နာရီလောက်က ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ခုလိုလေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပေါင်းချုပ်၊ ကျီးသဲ၊ ကျောက်မြင့်၊ မန်ကျီးပေါက်ကုန်း၊ သရက်သုံးပင်၊ ကွင်းယားကြီး စတဲ့ကျေးရွာ ၆ ရွာက စုစုပေါင်းနေအိမ် ၃၂ လုံးပျက်စီးခဲ့တာလို့ ဆိုပါတယ်။ 

"ရုတ်တရက်မိုးရွာချပြီး လေပြင်းတိုက်လာတာ။ မိုးရွာလေတိုက်တာက အချိန်သိပ်မကြာပါဘူး။ အလွန်ဆုံးမှ မိနစ် ၂၀ လောက်ပဲရှိမယ်။ လေကပြင်းတော့ အိမ်တွေပျက်စီးကုန်တာ"လို့ ဒေသခံတဦးက ပြောပါတယ်။

လေပြင်းတိုက်လို့ အထက်ပါကျေးရွာတွေက စုစုပေါင်း အိမ် ၅ လုံးပြိုကျပြီး၊ ၂၇ လုံး အမိုးလန်ပျက်စီးခဲ့ကာ လူထိခိုက်တာတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

နေအိမ်ဆုံးရှုံးခဲ့သူတွေကတော့ ၎င်းတို့ရဲ့နေအိမ်ခြံဝန်းထဲမှာပဲ လက်တလောအဆင်ပြေသလို နေထိုင်ရင်း အိမ်တွေကို ကိုယ်ထူကိုယ်ပြန်လည်ပြုပြင်နေကြပြီး ထောက်ပံ့မှုတွေတော့မရသေးလို့ ဒေသခံတဦးက ပြောပါတယ်။ 

ဧပြီ ၁၃ ရက်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ်၊ ကျွန်းသီတာကျေးရွာက နေအိမ် ၅ လုံးနဲ့ မြေဇာကျေးရွာက နေအိမ် ၅ လုံး အမိုးလန်၊ ပြိုကျပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေတောင် #လေပြင်းတိုက် #မိုးရွာ #နေအိမ်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10