ရွှေဘိုက ဆန်ကုန်သည် ၁ ဦးနေအိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ပါသွား

ရွှေဘိုက ဆန်ကုန်သည် ၁ ဦးနေအိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ပါသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ အောင်ဆန်းစျေးအနီးနေ ဆန်ကုန်သည် ၁ ဦးနေအိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီကျော်ခန့်မှာ ဆန်ကုန်သည် ဦးသန့်ဇင်ရဲ့ နေအိမ်မှာ ဖွင့်ထားတဲ့ ပါဝါဆန်ဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူ ၄ ဦးခန့်က ဓားပြတိုက်ကာ ငွေတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

"အိမ်မှာက သက်ကြီးပိုင်းတွေပဲရှိနေချိန်၊ (ဓားပြ) ၂ ယောက်က အိမ်ထဲဝင်ပြီး အပြင်မှာ တချို့က စောင့်ပြီး ငွေတွေယူသွားတယ်လို့ သိရတယ်။ အနည်းဆုံး လူ ၄ ဦးလောက်ပါတယ်။ သေနတ်တွေလည်းပါတယ်" လို့ ရွှေဘိုမြို့ကဒေသခံတဦးက ပြောပါတယ်။

ဓားပြတိုက်ခံရလို့ နေအိမ်အတွင်းရှိ ငွေသား ကျပ် ၁၇၈ သိန်းကျော်ပါသွားပြီး လူတွေကိုလည်း ထုရိုက်သွားတယ်လို့ ဆိုပါတယ်။

ဓားပြတိုက်သူတွေ ထွက်သွားပြီးနောက် စစ်ကောင်စီအဖွဲ့တွေက ဓားပြတိုက်ခံရတဲ့ နေအိမ်ကိုလာရောက် စစ်ဆေးခဲ့ကြပေမယ့် ဓားပြတွေကိုတော့ ဖမ်းလို့ မမိခဲ့ဘူးလို့ သိရပါတယ်။

ဇွန် ၁၀ ရက်က ရွှေဘိုမြို့နယ်၊ ချီပါမြောက်ရွာက ဆန်စက်ပိုင်ရှင် ၁ ဦးနေအိမ်မှာ သတ်ဖြတ်ခံရပြီး အိမ်းတွင်းက အဖိုးတန်ပစ္စည်းတွေ ပါသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #အောင်ဆန်းစျေး #ဆန်ကုန်သည် #ဓားပြတိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10