ရွှေဘိုတက္ကသိုလ်ကျောင်းရှေ့က စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်

ရွှေဘိုတက္ကသိုလ်ကျောင်းရှေ့က စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရွှေဘိုတက္ကသိုလ်ကျောင်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၆ ရက်မနေ့ညပိုင်းမှာ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ည ၉ နာရီလောက်မှာ လက်လုပ်ဗုံး ၂ လုံးနဲ့ပစ်ပြီး တိုက်ခိုက်ရာ ၇ ဦး ဒဏ်ရာရရှီခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတိုနေရာက တခါမှ အတိုက်မခံရဘူးတော့ သတိပေါ့လျော့တယ်နေမယ်။ ကျနော်တို့ရဲဘော်တွေက အနီးကပ် ဗုံး ၂ လုံးသွားပစ်ပြီးတာနဲ့ အသင့်စောင့်နေတဲ့ အဖွဲ့တွေက ဝိုင်းပစ်တာ။ မီတာ ၁၀၀ အကွာလောက်ကနေ ပစ်ကြတာ” လို့ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်သိဒ္ဒိက ပြောပါတယ်။

ဒဏ်ရာရတဲ့စစ်သားတွေကို ရွှေဘိုဆေးရုံမှာ ဆေးကုသနေကာ အချို့ကတော့ စစ်ဆေးရုံကို ပြောင်းရွှေ့ဆေးကုသနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ကာကွယ်ရေးရဲဘော်တွေဟာ အဆိုပါစစ်အုပ်တွေကပစ်ခတ်ပြီး ပြန်ဆုတ်လာချိန်မှာလည်း ရွှေဘို ကညနရုံးမှာတပ်စွဲထားတဲ့ စစ်သားတွေကို ပစ်ခတ်ခဲ့ကာ ထိခိုက်မှုအခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ရွာသစ်ကျေးရွာနဲ့ ဇီးတောကျေးရွာအနီးမှာ စပါးခင်းထဲဖြတ်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲပစ်ခတ်ခံရာ ၂ ဦးသေ ၈ ဦးဒဏ်ရာရသွားတယ်လို့ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #ဗုံးပစ် #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10