ရွှေဘိုတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံး လူထုကပန်းနဲ့ကြို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်အခြမ်းမှာရှိတဲ့ တည်သီးတောကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာစစ်အုပ်စုဘက်က ၂၀ ဦးသေဆုံးတယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း-၇ မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။

တည်သီးတောကျေးရွာမှာ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၅ ရက် မနက် ၆ နာရီကနေ နေ့လယ် ၁၁ နာရီခွဲအထိ တိုက်ခိုက်ခဲ့တာလို့ ဗိုလ်သက်ကြီး က ဆိုပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘဲ တိုက်ပွဲအတွင်းမှာတော့ ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ပြီးချိန်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ပစ်ခတ်တာအပြင် တပ်ကူတွေပါ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရပြီး တည်သီးတောကျေးရွာသားတဦး လေယာဉ်ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA၊ ရတနာသိင်္ဃစစ်ကြောင်း၊ ဝိမောက္ခစစ်ကြောင်း၊ မိတ္ထီလာဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ နဲ့ ဗိုလ်ကျားရိုင်းဒေသခံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ပွဲပြီးလို့ ပြန်လာတဲ့ တော်လှန်ရေးအင်အားစုတွေကိုတော့ ဒေသတွင်းမှာ ရှိတဲ့ လူထုတွေက ပန်းတွေနဲ့ ကြိုဆို ခဲ့ကြတယ်လို့ ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ရွှေဘို #စစ်ကောင်စီ #ပျူစောထီး #တော်လှန်ရေးအင်အားစု #တိုက်ပွဲ #လူထု #ကြိုဆို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10