ရွှေဘိုနယ်၊ ဂွေးကုန်းရွာကို စစ်ကောင်စီ ဒုတိယအကြိမ် မီးရှို့ပြန်

ရွှေဘိုနယ်၊ ဂွေးကုန်းရွာကို စစ်ကောင်စီ ဒုတိယအကြိမ် မီးရှို့ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဂွေးကုန်းရွာက နေအိမ်တွေကို စစ်‌ကောင်စီတပ်သားတွေက သြဂုတ် ၁၆ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာ ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၅၀ နီးပါးပါတဲ့ စစ်အုပ်စုဟာ ဒီမနက်မှာ ဂွေးကုန်းရွာထဲကို လက်နက်တွေ ပစ်ဖောက်၀င်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ မနက် ၁၁ နာရီလောက်မှ ရွာထဲကနေ ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။ 

“သူတို့က မနေ့ညကတည်းက တောမှာအိပ်တယ်။ ဒီနေ့မနက်မှ ရွာထဲကိုဝင်လာတာ။ အခုချိန်ထိ နေအိမ်ဘယ်လောက် မီးထဲပါသွားလဲဆိုတာ မသိသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိမရှိဆိုတာလည်း စုံစမ်းနေတုန်းပါ" လို့ ရွှေဘိုမြို့နယ် ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေ ရွာထဲကထွက်ချိန်မှာလည်း ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၁၀၀ ၀န်းကျင်ရှိတဲ့ ဂွေးကုန်းကျေးရွာ နေအိမ်အချို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလမှာ စစ်ကောင်စီက ပထမတကြိမ် မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ဂွေကုန်းရွာ တောင်ဘက်မှာရှိတဲ့ သဲကျွန်းရွာဘက်ကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ခုလို စစ်ကြောင်းထိုးနေတဲ့အတွက် ဂွေးကုန်းရွာအပါအဝင် သဲကျွန်း၊ ရွာသစ်ကုန်း၊ ငါးပိအို၊ ကံကြီးတော စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပုံစာ - ၂၀၂၂ ခုနှစ်၊ မေလအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဂွေးကုန်းဒေသခံများ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဂွေးကုန်းရွာ #စစ်ကောင်စီ #မီးရှို့ #သတင်း #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10