ရွှေဘိုနဲ့ ဆားတောင်က စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၈ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်နဲ့ ဆားတောင်မြို့တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၈ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိပါတယ်။

ဆားတောင်မြို့မှာ ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ ဘန်ကာအတွင်း ဗုံးသီးကျပြီး ၁ ဦးသေဆုံးကာ ရဲအပါအဝင် ပျူစောထီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျားညီနောင်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရဲအင်အား၂၀ နဲ့ ပျူစောထီးအင်အား ၅၀ ဝန်းကျင်ရှိတဲ့ ဆားတောင်မြို့ပေါ်ကရဲစခန်းကို တော်လှန်ရေးတပ်တွေစုပေါင်းပြီး လေးလက်ဒရုန်း ၁ စီး၊ မောင်းသူမယ့်လေယဥ် ၂ စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရွှေဒါးကျောင်းမှာတပ်စွဲထားတဲ့ အင်အား ၅၀ ရှိတဲ့ စစ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တပ်သား ၇ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဖေဖော်ဝါရီ ၈ ရက် ညနေ ၆  နာရီခွဲမှာ တကြိမ် ည၈ နာရီခွဲမှာ တကြိမ်  ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဗုံးကြဲချပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ၆၀ မမ ၆ လုံး ကောင်တာပြန်တာတွေရှိပြီး တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေ အထိအခိုက်မရှိပါဘူးလို့ ဗိုလ်မိကျောင်းက ပြောပါတယ်။

အဲ့ဒီနေ့မှာပဲ ရွှေဘိုမြို့နယ်အနောက်ခြမ်း ဇီးဖြူကုန်းရွာမှာ တပ်စွဲထားနေတဲ့ ရွှေဘိုမြို့ ၄၂ တပ်ရင်းက စစ်သားတွေကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဆားတောင်မြို့ ရဲစခန်းတိုက်ခိုက်မှုကို ကျားညီနောင် (Tiger brother lpdf)၊ Ngwe Dwin Revolution Force၊ တွေ့မရှောင်၊ တံတားညီနောင်၊ Buffalo soldiers freedom force ၊ Northern Tigers Group(NTG)၊ ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Farmer Heroes(Khin U)၊magic dragon ၊BGS အရာတော်(drone force)၊ Ayadaw rocket ၊ ရွာသာကြီးတိုက်နယ်(ပကဖ) အင်အားစုများ စုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 ရွှေဘိုမြို့ ရွှေဒါးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုတော့  ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံ‌ရေးတပ်ဖွဲ့ ၊ မဟာမိတ် Drone  တပ်ဖွဲ့ မောင်းသူမဲ့လေယဉ်တပ်ဖွဲ့ဖြစ်သော BUFF ALOSOLDJERS(FREE DOM FORCE) ၊SHWEBO DEFENSE(FORCE) ၊ (BGS)ဒုန်းဖိုစ့် အရာတော် Ayadaw Rocket(LPDF) ၊ FARMER HEROEs(Khin U) ၊ NORT HERN TIGERS GROUP SAGAING REGION ၊ ဗိုလ်လင်းရောင်(ဒပယ)သိခ်အားမာန် နှင့် တိုက်နယ်(၂) တပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ရွှေဘို #ရွှေဒါးကျောင်း #ဆားတောင် #ရဲစခန်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10