ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရ

ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ် ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ ကန့်ဘလူမြို့နယ်ပကဖထံက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနေ့ညနေ ၃ နာရီကျော်မှာ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ စစ်ကြောင်းထိုးလာပြီး စံပယ်နံ့သာကျေးရွာအနားရောက်နေတဲ့ စစ်ကောင်စီနဲ့ပျူ အင်အား ၂၀၀ ကျော်ပါတဲ့စစ်ကြောင်းကနေ ရေရှင်ကြီးရွာထိပ်ကို ဒရုန်းအသုံးပြုပြီး ဗုံး ၆ လုံးချ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

" ကားလမ်းနံဘေး (အိမ်)ကပ်နေတဲ့ ပြည်သူတွေထိတာ။ ခရီးသွားတယောက်ပါတယ်။ ဗုံးက ၆ လုံးစလုံးကွဲလို့ပြည်သူတွေထိတာ။ ရွာခံပြည်သူတွေထိတာကတော့ စိုးရိမ်စရာမရှိဘူး"လို့ ကန့်ဘလူမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းလာနေတာကို သတင်းရလို့ ပြည်သူတွေထိခိုက်မှာစိုးပြီး ရေရှင်ကြီးရွာထိပ်မှာ ခရီးသွားကားတွေ ဆက်မသွားကြဖို့ တော်လှန်ရေးအဖွဲ့တွေဘက်က တားဆီးထားချိန်မှာ စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုပြီး ဗုံးချခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒရုန်းဗုံးချစဉ် ရပ်နားထားတဲ့ခရီးသွားကားတွေအနီးမှာ ရွာခံတွေနဲ့ခရီးသွားတွေပဲ ရှိခဲ့တာဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲလို့  ခရီးသွားပြည်သူတဦးဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် ကိုချစ်စမ်းကို ချောက်မြို့နယ်၊ ဝက်တဲစမ်းကျေးရွာနေသူမှာ ဗုံးထိမှန်သေဆုံးခဲ့တာပါ။

ဒါ့အပြင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရေရှင်ကြီးရွာခံတွေဖြစ်တဲ့ အသက် ၁၅  ကနေ ၆၀ ကြား အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၃ ဦး မစိုးရိမ်ရဒဏ်ရာရသွားခဲ့ပြီး နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေကြရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဒရုန်းဗုံးချပြီးနောက် စံပယ်နံ့သာကျေးရွာအနီးရှိ စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ တဲ ၁၀ လုံးကိုလည်း မီးရှို့ပြီးထွက်ခွာသွားခဲ့ရာ စစ်ကြောင်းဆက်လက်ဦးတည်ရာကို စုံစမ်းလျက်ရှိတယ်လို့ ပကဖက ဆိုပါတယ်။ 

ပုံစာ - ကန့်ဘလူမြို့မှ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းအဖွဲ့အား တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကန့်ဘလူ #စစ်ကောင်စီတပ် #၆၀၀၆ #တင့်ကားတပ် #ဒရုန်းဗုံးချ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10