ရွှေဘိုမြို့က စစ်ကောင်စီဂိတ် ပစ်ခတ်ခံရ

ရွှေဘိုမြို့က စစ်ကောင်စီဂိတ် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ နယ်စည်းမခြား ရွှေဘိုသားအဖွဲ့ဆီက သိရပါတယ်။ 

ဩဂုတ်လ ၁၈ ရက် ည ၇ နာရီကျော်မှာ အင်အား ၇၀ ဝန်းကျင်နဲ့ တပ်စွဲရာ စစ်ကောင်စီဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ကြာ သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ရွှေဘိုကနေ မန္တလေးဘက်ထွက်တဲ့ မုဒ်ဦးနားမှာ တပ်စွဲထားတဲ့ အဖွဲ့ကို ၆၀ မမ အစစ်တွေနဲ့ရော  လက်လုပ်တွေနဲ့ရော သွားပစ်ခဲ့တယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်။ လက်နက်ကြီးအချက်ရေဆို ၅၀ ကျော်လောက်ရှိမယ်"လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး ဒီအရေအတွက်ကိုတော့ နီးစပ်ရာဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပြောပြချက်အရ အတည်ပြုချက်ယူခဲ့တာလို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် ပစ်ခတ်မှုဖြစ်နေချိန်အတွင်းမှာလည်း စစ်ကောင်စီဘက်က ရွှေဘိုမြို့အနီးတဝိုက်ရှိ ကျေးရွာတွေဘက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့နဲ့အတူ ရွှေဘိုသခင်ကြီးတပ်ဖွဲ့၊ တာနှောယက္ခတပ်ဖွဲ့အပါအဝင် မဟာမိတ်တပ်ပေါင်းစု ၁၀ ဖွဲ့က ပူးပေါင်း တိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီဂိတ်က တပ်သားတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းလောက်ကမှ တပ်ချနေတာဖြစ်ပြိး ဒေသခံတွေနဲ့ လမ်းသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်တာတွေလည်း လုပ်ဆောင်နေတာလို့ သိရပါတယ်။ 

ဩဂုတ်လ ၁၄ ရက်ညကလည်း အဲ့ဒီဂိတ်က စစ်သားတွေကိုပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေအပြင် မိုင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီဂိတ် #PDF #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10