ရွှေဘိုမြို့နယ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ ပျူစောထီးတွေနေတဲ့ ခြံထဲကနေထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတဲ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်အုပ်စုက ၅ ဦး သေဆုံးခဲ့တယ်လို့ FIRE DRAGON PDF အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့လယ် ၃ နာရီလောက်မှာ မြင်းစီးရွာက အင်အား ၂၈ ယောက်နဲ့ ထွက်လာတဲ့ စစ်အုပ်စုကို ကန်သာကုန်းရွာနဲ့ မြင်းစီးရွာအကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"စိုက်ပျိုးရေးခြံဘက်အပြန်တိုက်တာ။ ပဒေသာမိုင်း ၅ လုံးခွဲပြီး လက်နက်ကြီးနဲ့ပစ်တာ။ ** ၃ ကောင်နဲ့ ပျူ‌စောထီး ၂ ကောင်သေတယ်လို့ သိရတယ်။ သေဆုံးတဲ့ အလောင်းတွေကိုတော့ ၅ ရက်နေ့က သင်္ဂြိုဟ်တယ်" လို့  FIRE DRAGON PDFတာဝန်ခံ ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်သား ၃ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးတယ်လို့ မြေပြင်သတင်းပေးကတဆင့် သိရပြီး မိုင်းဆွဲခံရပြီး စစ်အုပ်စုတပ်စွဲထားတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းထဲကို ပြန်ဝင်သွားတတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို FIRE DRAGON PDF၊ ONE DAY REVOLUTION FORCE (Shwe Bo)၊ရွှေဘိုခရိုင် တပ်ရင်း(၄)နဲ့ ရွှေဘိုမြို့နယ်မြေခံပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်ကလည်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံထဲကထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို FIRE DRAGON PDF အဖွဲ့က ကြာပင်အိုင်နဲ့ ညောင်ပင်ကြီးစုရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #စစ်ကိုင်း #ရွှေဘို #မြင်းစီးရွာ #စစ်သား #ပျူစောထီး #မိုင်းဆွဲ #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက် #စစ်အုပ်စု #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10