ရွှေဘိုမြို့နယ်၊ ယင်းမာရွာကို စစ်ကောင်စီမီးရှို့

ရွှေဘိုမြို့နယ်၊ ယင်းမာရွာကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာကို စက်တင်ဘာ ၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မနက် ၉ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ယင်းမာကျေးရွာမှာ ရှိနေသေးတာကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

"ရွာအနားကို ကပ်မရသေးတော့ အထိအခိုက်မသိရသေးပါဘူး။ **တွေက ရွာထဲမှာပဲငြိမ်နေတယ် "လို့ လုံးတော်ကျေးရွာ ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၃ ရက်မနေ့ မနက် ၉ နာရီလောက်မှာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေခဲ့ကာ ဒီမနက်ပိုင်းမှ မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။ 

ယင်းမာကျေးရွာမှာ လူဦးရေ ၂၅၀၀ ကျော်ရှိပြီး စစ်ကြောင်းဝင်လာချိန်မှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာကြောင့် ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ ဆိုပါတယ်။ 

အခု ဝင်ရောက်မီးရှိ့ခဲ့တဲ့ စစ်ကြောင်းဟာ စက်တင်ဘာ ၁ ရက်က ဘုန်းဘွဲ့ကျေးရွာက ဒေသခံတဦးနဲ့ PDF တပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်ခဲ့ပြီး စက်တင်ဘာ ၂ ရက်မှာ လုံးတော်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

အလားတူ အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၂၆ ရက်ကလည်း ကျီးကန်မြောက်ရွာက အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့သလို နောက်ထပ် ဒေသခံ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှာလည်း ယင်းမာကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #ယင်းမာ #စစ်ကောင်စီ #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10