ရွှေဘိုမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦး ထိမှန်

ရွှေဘိုမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကဗြူကျေးရွာက ဒေသခံ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက် မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ရွှေဘိုမြို့၊ မြို့ရှောင်လမ်းတွေပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကားတွေကို တားဆီးစစ်ဆေးနေချိန် ကညနရုံးထဲမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ရွှေဘိုအကျဥ်းထောင်ဘက်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ရွှေဘိုမြို့တောင်ဘက်ကပ်လျက်က ကဗြူကျေးရွာထဲကို လက်နက်ကြီးကျခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသား ထိမှန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

"လက်တဖက်ကတော့ ဖြတ်ရမှာ၊ ခြေထောက်တွေရောထိတယ်။ အဲ့ဒီရွာဘက်က လက်နက်ကြီး ၁၁ လုံးလောက်ကို ကျတာ" လို့ ရွှေဘိုကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးက ပြောပါတယ်။

စစ်ကောင်စီတပ်က ရွှေဘိုမြို့ရှောင်လမ်းပေါ်မှာရှိနေတဲ့ PDFတွေကို နှစ်ဖက်ညှပ်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးတွေက PDF တွေဆီမရောက်ဘဲ ပြည်သူတွေနေတဲ့ကျေးရွာထဲကို ကျခဲ့တာလို့သိရပါတယ်။

ဒီနေ့မှာလည်း ရွှေဘိုမြို့ပေါ်က ဗဟိုမီးသတ်ရုံးအတွင်း ဗုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်း၄ ဦးဒဏ်ရာရခဲ့တာကြောင့် စစ်တပ်က ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #ပြည်သူ #ထိမှန် #ကဗြူကျေးရွာ #ဗိုလ်ကျားကြီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10