ရွှေဘိုမြို့ပေါ်ကို တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်ခိုက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်ထဲမှာ အထိုင်ချတပ်စွဲထားတဲ့ လေ့ကျင့်ရေး ၈ က စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့တယ်လို့ Buffalo Soldiers Freedom Force ချေမှုန်းရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ မေ ၁၇ ရက် နံနက် ၅ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့အထိုင်စခန်းရဲ့ ကိုက် ၂၀၀ ခန့်အကွာကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရှေ့ထွက်မိုင်း ၁ လုံးဆွဲကာ မောင်းပြန်တွေ၊ စက်လက်ကလေးတွေနဲ့ တရစပ်ပစ်ခတ် တိုက်ခိုက်ရာ ထိတွေ့ချိန် ၁၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ Buffalo Soldiers Freedom Force ချေမှုန်းရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုနန္ဒက ပြောပါတယ်။ 

မြို့တွင်းတိုက်ပွဲဖြစ်လို့ အချိန်သိပ်မယူတော့ဘဲ ပစ်ခတ်ခဲ့ပြီးနောက် ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ရပြီး တော်လှန်ရေးရဲဘော်တွေဘက်မှာတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ စစ်ကောင်စီတပ်ဘက်ကတော့ ၃ ဦးသေဆုံးတာကို မြို့တွင်းထောက်လှမ်းရေးတွေဆီက သိရတယ်လို့ ကိုနန္ဒက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ စစ်ကြောင်းလှုပ်ရှားမှုရှိနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Buffalo Soldiers Freedom Force ချေမှုန်းရေးတပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူး‌ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စခတ၈ #တိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10