ရွှေဘိုမြို့ပေါ်မှာ ကင်းလှည့်စစ်ကားထဲ ဗုံးပစ်ထည့်လို့ ၂ ဦးသေ၊ ၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်း

ရွှေဘိုမြို့ပေါ်မှာ ကင်းလှည့်စစ်ကားထဲ ဗုံးပစ်ထည့်လို့ ၂ ဦးသေ၊ ၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ ကင်းလှည့်သွားလာနေတဲ့ စစ်ကောင်စီစစ်ကားထဲ လက်ပစ်ဗုံးပစ်ထည့်ပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁ ဦးကိုတော့ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းနိုင်ခဲ့လို့ စုစုပေါင်း ၃ ဦး သေဆုံးသွားတယ်လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းက ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် ည ၇ နာရီကျော်မှာ ရွှေဘိုမြို့၊ ကားကြီးကွင်းမှနေ မုခ်ပေါက်ကို ကင်းပတ် ထွက်တဲ့ စစ်ကား ၃ စီးကို လက်ပစ်ဗုံး ၂ လုံးပစ်သွင်းခဲ့ရာ ၁ လုံးမှာ ရှေ့ဆုံးကားထဲကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောပါတယ်။

သေဆုံးတဲ့ စစ်သား ၂ ဦးကို ဆေးရုံကိုပို့ပြီးနောက် တပ်ရင်း ၄၂ ထဲကို ယူဆောင်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ခမရ ၁၁ မှ အသက် ၃၀ ကျော်အရွယ် စစ်သားတဦးကို အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီကျော်မှာ အမှတ် ၁၀ ရပ်ကွက်ရှိ ဂေါက်ကွင်းလမ်းမပေါ်မှာ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"သူက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး တယောက်တည်းသွားနေချိန် သူအလာကို စောင့်နေတဲ့ ရဲဘော်တွေက ရှေ့တည့်တည့်ကနေ တချက်ပစ်ခတ်လိုက်တာ။ ပွဲချင်းပြီးတယ်" လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောပါတယ်။

ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီတပ်သားရဲ့ အမည်နဲ့ ရာထူးကို စုံစမ်းနေဆဲဖြစ်ပြီး သူပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက အမှတ် ၁၀ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခဲ့ရာ အောက်တိုဘာ ၃၁ ရက် ဒီနေ့ မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဗိုလ်ရန်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ Naung Yoe Army ခွဲ ၁ ၊ ရွှေဘိုကျားကြီးခွဲ ၄၊ Revulotion soldier၊ ရှိမ်မကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာလည်း ရွှေဘိုမြို့အမှတ် ၁၀ ရပ်ကွက်ရှိ ရုပ်ပျိုတိုင်းရင်းဆေးစက်ရုံထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ရွှေဘိုမြို့ပေါ်တွင် ပစ်သတ်ခံရသည့် ခမရ ၁၁ မှ စစ်သား။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ပေါ် #ကင်းလှည့် #စစ်ကား #လက်ပစ်ဗုံး #စစ်ကောင်စီ #ရွှေဘိုခရိုင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10